စာရေးသူ

အားလုံးမြင်နိုင်ရန်
Xochitl Dixon

ဆိုချီးလ်ဒစ်စင်

ဆိုချီးလ်ဒစ်စင် (Xochitl Dixon)သည် စာဖတ်သူများအား ဘုရားသခင်၏ ကျေးဇူးတော်ကို ပွေ့ဖက်ပြီး၊ ခရစ်တော်နှင့်ကိုယ်တိုင် အချိန်ယူခြင်း၊ တစ်ပါးသူနှင့် အချိန်ယူခြင်းအမှုများ၌ မိတ်ဿဟာယ နက်နဲတိုးတက်မှုရှိရေးအတွက် ပြင်ဆင်ပေးသည်။ အားပေးသည်။ စာရေးဆရာနှင့် ဟောပြောပို့ချသူအဖြစ် အစေခံလျက် xedixon.com တွင် အင်တာနက်ဒိုင်ယာရီရေးသူ ဘလော့ကာဖြစ်သည်။ သူမသည် သီချင်းဆိုခြင်း၊ စာဖတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းနှင့် မိခင်ဘဝကို ပျော်မွေ့သည်။ သူမ၏ မိတ်ဆွေကောင်း ဒေါက်တာ ဒဘလူ အယ်လန် ဒစ်စင် စီနီယာ (Dr. W. Alan Dixon Sr.) နှင့် လက်ထပ်ခဲ့သည်။

စာမူ/ အကြောင်းအရာ များ ဆိုချီးလ်ဒစ်စင်

သဲကန္တာရထဲတွင် ဝေဆာပွင့်လန်းခြင်း

Mojave သဲကန္တာရတွင် သဲသောင်ပို့၊ ခြောက်သွေ့နေသောတောင်ကြား၊ ကုန်းကလပ် နှင့် သဲကန္တာရဆန်သော တောင်တန်းများပါဝင်ပါသည်။ သို့သော် အမေရိကန် ဇီဝဗေဒပညာရှင် Edmund Jaeger က နှစ်အနည်းငယ်ကြာတိုင်း များပြားစွာ ရွာသွန်းသော မိုးကြောင့် သဲသောင်ခြေရင်းနှင့် ကျောက်စရစ်ပေါသောမြေများသည် ပေါများစွာ ပေါက်ရောက်နေသော ပန်းခင်းအောက်တွင် ပျောက်သွား ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ Mojave မှ တောရိုင်း ပန်းလေးများသည် နှစ်တိုင်း ပေါက်ရောက်ခြင်းမဟုတ်ပါ။ သုတေသနပညာရှင်များက ခြောက်သွေ့သော မြေကြီးသည် မုန်တိုင်းကြောင့်စိုစွတ်ပြီး နွေးထွေးသောနေရောင်ခြည်ကို သင့်တော်သောအချိန်တွင် ရရှိထားပါက သဲကန္တာရကြီးသည် အရောင်အသွေး

စုံလင်လှသောပန်းများဖြင့် ဖုံးလွှမ်းသွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဘုရားရှင်သည် သွေ့ခြောက်သောမြေကို ပမာမပြုဘဲ အသက်ကို ဆောင်ကြဉ်းပေးကြောင်းပုံရိပ်က ပရောဖက် ဟေရှာယ၏စကားကို အမှတ်ရစေပါသည် (ဟေရှာ ၃၅)။ တိုင်းနိုင်ငံများကို ဘုရားရှင်စီရင်မည့်အကြောင်း သတင်းစကားကို ကြေညာပြီးနောက်…

ကြောက်ရွံ့ခြင်းမဲ့သည့် ချစ်ခြင်း

ကျွန်မ၏နှလုံးသားကို ဖုံးကွယ်ရန် ကြောက်ရွံ့ခြင်းဒိုင်းလွှားကို နှစ်ပေါင်းများစွာ ကျွန်မ ခြုံခဲ့သည်။ အတွေ့အကြုံအသစ်ကို မစမ်းသပ်နိုင်အောင်၊ မိမိအိမ်မက်ကို မဖော်ဆောင်နိုင်အောင်၊ ဘုရားသခင်ကို မနာခံနိုင်အောင် ကြောက်ရွံ့ခြင်းက ဆင်ခြင်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ဆုံးရှုံးရမှာစိုးကြောက်စိတ်၊ နှလုံးနာကျင်ကြေကွဲမှုနှင့် ငြင်းပယ်ခံရခြင်းတို့က ဘုရားသခင်၊ အခြားသူတို့နှင့် ကျွန်မ၏ ပေါင်းသင်းဆက်ဆံ ရေး တိုးတက်မှုမရှိအောင် အဆီးအတား ဖြစ်ခဲ့သည်။ ကြောက်ရွံ့စိုးစိတ်က ကျွန်မကို မလုံခြုံသော၊ သောကများ သော၊ သဝန်တိုသော ဇနီးသည်၊ သားသမီးအပေါ် အလွန် အကျူးကာကွယ်သော စိတ်ပူပန်သောမိခင် ဖြစ်စေခဲ့သည်။ ဘုရားသခင် ကျွန်မကိုမည်မျှချစ်ကြောင်း ကျွန်မ ဆက်လက်ခံယူသင်ယူရင်း ဘုရားသခင်က ကျွန်မနှင့် ကိုယ်တော်၊ ကျွန်မနှင့်အခြားသူများ၏ ဆက်ဆံရေးတို့ကို ပြောင်းလဲပေးခဲ့ သည်။ ဘုရားသခင် ကျွန်မကိုဂရုစိုက်ကြောင်း သိခြင်းကြောင့် လုံခြုံမှုကို ကျွန်မတိုး၍ ခံစားရပြီး အခြားသူများ၏လိုအင်ကို ကျွန်မ၏လိုအင်ထက် ရှေ့တန်းတင်ဦးစားပေး လိုစိတ်…

မေတ္တာသည် ရပ်တန့်မည်မဟုတ်

ကျွန်မ အသက် ၁၉နှစ် ပြည့်ပြီးနောက်၊ ပေဂျာ သို့မဟုတ် ကိုယ်ပိုင်ဆဲလ်ဖုန်းမရှိသေးခင် နှစ်များတွင် ကျွန်မသည် မိခင်နှင့်ဝေးရာ မိုင်ပေါင်းခုနှစ်ရာကျော်တွင် ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ တစ်မနက်တွင် ကျွန်မ သွားစရာရှိသဖြင့် အိမ်မှ စောစောထွက်သွား သဖြင့် ပုံမှန်လိုင်းဖုန်းမှ ဖုန်းဆက်ရန် မေ့သွားသည်။ ထိုညနှောင်းပိုင်းတွင် ကျွန်မအိမ်တံခါးဝသို့ ရဲသားနှစ်ဦး ရောက်ရှိလာသည်။ ကျွန်မ ဖုန်းဆက်ရန် တစ်ခါမျှ မမေ့လျော့သဖြင့် အမေက စိတ်ပူနေခဲ့ခြင်းဖြစ်သည်။ ထပ်ခါတစ်လဲလဲ ဖုန်းခေါ်ဆို၍ လိုင်းမအားသည့်နောက် သူမသည် တာဝန်ရှိသူများထံ သွားပြီး၊ ကျွန်မကို စုံစမ်း ပေးရန် တောင်းဆိုခဲ့သည်။ ရဲအရာရှိတစ်ယောက်က ကျွန်မ ဘက်သို့လှည့်၍ “မေတ္တာစိတ်ကြောင့် မင်းကို မရပ်မနား ရှာနေတယ်ဆိုတာ သိရခြင်းက ကောင်းချီးမင်္ဂလာပါပဲ” ဟုပြောခဲ့သည်။

သို့နှင့် မိခင်ကို ဖုန်းဆက်ရန် ဖုန်းကိုင်လိုက်သောအခါ ကျွန်မ အမှတ်တမဲ့ စကားပြောခွက်ကို အံဝင်ခွင်ကျ…

ဖန်တီးနိုင်မှုအတွက် ချီးကျူးဂုဏ်ပြုခြင်း

ဘာဂျာ၊ ကယ်လီဖိုးနီးယားဒေသအနီးရှိ ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၄၀၀၀ အနက်တွင် ရှားပါးသောဂျယ်လီငါးများသည် ပင်လယ်ရေစီးကြောင်းနှင့်အတူ မြူးတူး ကခုန်လျက် မျောပါသွားကြသည်။ အနက်ရောင်ရေပြင်နောက်ခံတွင် သူတို့၏ ခန္ဓာကိုယ်သည် အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင်စသည့် အရောင်မျိုးစုံဖြင့် တောက်ပလျက်ရှိသည်။ ခေါင်းလောင်းပုံဦးခေါင်းမှ တရွရွ လှုပ်ရှားနေသော လက်ကလေးများသည် အလွန်မှလှပပါ သည်။ National Geographic မှ ထုတ်လွှင့်ပြသသည့် Halitrephes maasi ဂျယ်လီငါးများ၏လှုပ်ရှားမှု ဗွီဒီယို အပိုင်းလေးကို ကြည့်ရှုစဉ် ဘုရားသခင်က ထိုဂျယ်လီငါး များကို လှပထူးခြားသော ပုံသဏ္ဌာန်ဖြင့် ဖန်ဆင်းထားခြင်း အပေါ် အံ့သြမိသည်။ ၂၀၁၇ အောက်တိုဘာလတွင် သိပ္ပံပညာရှင်များ၏ဖော်ပြချက်အရ အခြားဂျယ်လီငါး အမျိုးကွဲပေါင်း ၂၀၀၀ ကိုလည်း ဘုရားသခင်က ဖန်ဆင်း၍ လှပစွာဆင်ယင်ထားကြောင်း သိရှိရသည်။

ဘုရားသခင်အား ဖန်ဆင်းရှင်ဟု ကျမ်းစာ၏ပထမဆုံးအခန်းကြီး၌ ဖော်ပြထား သည်ကို ကျွန်ုပ်တို့သည်…

အကြီးမြတ်ဆုံး လက်ဆောင်

သူငယ်ချင်း ဘာဘရာသည် ကျွန်မအား မရေမတွက်နိုင်လောက်သော တိုက်တွန်း ခွန်အားပေးစာများနှင့် အမြော်အမြင်ရှိသော လက်ဆောင်များကို နှစ်ပေါင်းများစွာ ပေးခဲ့ သည်။ ကျွန်မ သခင်ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီဟု ပြောပြရာ၊ သူသည် ပေးဖူးသမျှလက်ဆောင်များတွင် အမြတ်ဆုံးဖြစ်သော ကျွန်မ၏ပထမဆုံး ကိုယ်ပိုင်ကျမ်းစာအုပ်လေးကို ပေးခဲ့သည်။ သူက “သူငယ်ချင်း၊ ဘုရားသခင်နဲ့ နေ့တိုင်းအချိန်ယူ၊ နှုတ်ကပတ်တော်ဖတ်ရှု ဆုတောင်းပြီး သူ့ကို ယုံကြည်စိတ်ချ နာခံခြင်းဖြင့် ဘုရားရှင်နှင့် ပို၍ရင်းနှီးမှုရှိလာပြီး ဝိညာဉ်ရေးရာ ရင့်ကျက်လာနိုင်တယ်” ဟု ပြောခဲ့ဖူးသည်။ ကျွန်မ ဘုရားသခင်အကြောင်း ပိုသိရှိ လာအောင် လေ့လာရန် ဘာဘရာ ဖိတ်ခေါ်သည်မှစ၍ ကျွန်မ အသက်တာ ပြောင်းလဲခဲ့ပါသည်။

ဘာဘရာအားဖြင့် တမန်တော်ကြီး ဖိလိပ္ပုကို ကျွန်မ အမှတ်ရမိသည်။ သူ့နောက်လိုက် ရန် ဖိလိပ္ပုကို သခင်ယေရှု ဖိတ်ခေါ်ပြီးနောက် (ယော ၁း၄၃) ဖိလိပ္ပုသည်…

ညည်းတွားခြင်းမှ ၀တ်ပြုခြင်းသို့

ကင်သည် ရင်သားကင်ဆာရောဂါကို ၂၀၁၃ ခုနှစ်၌ စပြီး ခံစားရသည်။ ကုသမှုခံယူပြီး ၄ ရက်မြောက်နေ့၌ သူ့တွင် အဆုတ်ရောဂါ ဖြစ်နေကြောင်း ဆရာဝန်များက တွေ့ရှိ ခဲ့ပြီး သူ့ကို အသက်ရှင်ချိန် သုံးလေးနှစ် ပေးသည်။ ကင်ခမျာ သောကရောက်ပြီး ပထမဆုံးနှစ်
အတွက် ဘုရားသခင့်မျက်မှောက်၌ သူ့စိတ်ခံစားမှုများကို တင်ပြရင်း ငိုကြွေး ဆုတောင်း ခဲ့သည်။ ၂၀၁၅ တွင် သူ့ကို ကျွန်ုပ် ပြန်တွေ့ရသောအခါ ကင်က သူ့အခြေအနေများကို ဘုရားသခင်ထံ လုံးဝ အပ်နှံ လိုက်ပြီး လူအများထံကူးစက်စေသော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ သူ့ထံမှဖြာထွက်သည်။ နေ့ရက်အချို့က ခက်ခဲနေဆဲဖြစ်ငြားလည်း သူ၏နှလုံးကြေမွမတတ် နာကျင် ခံစားရမှုကို မျှော်လင့်ခြင်း၊ ချီးမွမ်းခြင်းတို့ပြည့်လျှံနေသော လှပသည့်သက်သေခံချက်သို့ ဘုရားသခင်က ဆက်ပြီး ပြောင်းလဲပေးနေကြောင်း လူများကို သူခွန်အားပေးသည်။

ကြောက်မက်ဖွယ်အခြေအနေ၌ ကျရောက်နေ သည့်တိုင်…

ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့ကိုပြောင်းလဲစေသည်

သခင်ယေရှုနှင့် ကျွန်မမတွေ့မီက စိတ်ဒဏ်ရာပြင်းထန်စွာခံစားရခြင်းကြောင့် နောက်ထပ် ဒဏ်ရာမရလိုသဖြင့် လူများနှင့်ရင်းနှီးစွာ မနေဘဲ ခပ်ကင်းကင်းနေခဲ့သည်။ အယ်လင်နှင့် လက်မထပ်ခင်အထိ ကျွန်မ၏အမေသည် ကျွန်မ၏အရင်းနှီးဆုံးမိတ်ဆွေသာ ဖြစ်သည်။ တစ်ဖန် ၇ နှစ် အကြာ လင်မယားကွာရှင်းခါနီးတွင် သူငယ်တန်းအရွယ် သားငယ် ဇေဗီယာ ကို ကျောပိုးပြီး ဘုရားကျောင်းတစ်ခုသို့ သွားခဲ့သည်။ အကူအညီ အလွန်လိုအပ်နေသော်လည်း မည်သူ့ကိုမျှ မယုံရဲဘဲ ထွက်ပေါက်တံခါးဝတွင်သာ ကျွန်မထိုင်ခဲ့သည်။

သို့သော် ယုံကြည်သူများက လှိုက်လှဲစွာလက်ကမ်း ကြိုဆိုသည်၊ မိသားစုအတွက် ဆုတောင်းပေးသည်၊ ဘုရား သခင်နှင့် မိတ်သဟာယဖွဲ့ခြင်းအရာ၌ ရင့်ကျက်လာစေရေး ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းဖြင့် တည်ဆောက်ရန် သင်ကြားပေးခြင်းအတွက် သူတို့ကို အလွန်ကျေးဇူးတင် သည်။ အချိန်များ ကျော်လွန်ဖြတ်သန်းလာသည်နှင့်အမျှ သခင်ခရစ်တော်နှင့် ယုံကြည်သူများ၏ မေတ္တာပြမှုကြောင့် ကျွန်မ ပြောင်းလဲလာတော့သည်။

ပထမဆုံး အသင်းတော်ဝတ်ပြုစည်းဝေးသို့ တက်ရောက်ပြီး ၂ နှစ်…

ပုစွန်တစ်အုပ်

ကျွန်တော့်ဝမ်းကွဲက ရေချိုပုစွန်သွားဖမ်းမည်ဟု ခေါ်သောအခါ စိတ်မထိန်းနိုင်အောင်ပင် အလွန် စိတ်လှုပ်ရှားခဲ့ရသည်။ ပလတ်စတစ်ပုံးကို ကမ်းပေးသောအခါ ကျွန်တော်ပြုံးကာ “အဖုံးမပါဘူးလား” ဟုမေးလိုက်သည်။ သူက ငါးမျှားတံများနှင့် ငါးစာအတွက်သုံးမည့် ကြက်သားတုံးအိတ်လေးကို ကောက်ကိုင်ရင်း “မလိုဘူး” ဟုပြန်ဖြေသည်။

နောက်မှ ပြည့်လုမတတ်ဖြစ်နေသောပုံးထဲမှ လွတ်မြောက်ရန် ပုစွန်လေးများ၏ ကြိုးစားအားထုတ်မှုသည် အချည်းအနှီးဖြစ်ကြောင်းကို သိပြီး အဘယ်ကြောင့် အဖုံး မလိုအပ်သည်ကို နားလည်လိုက်ပါသည်။ ပုစွန် တစ်ကောင်က ရေပုံးနှုတ်ခမ်းဝသို့ ရောက်လာပြီဆိုလျှင် နောက်တစ်ကောင်က ပြန်ဆွဲချပါသည်။

ပတ်ဝန်းကျင်အကျိုးကို မကြည့်ဘဲ မိမိကိုယ်ကျိုး ကိုသာ ကြည့်ခြင်းက အလွန်တစ်ကိုယ်ကောင်းဆန်ပြီး ပျက်စီးရာသို့ ရောက်နိုင်ကြောင်း ထိုပုစွန်များက သင်ခန်းစာ ပေးနေပါသည်။ သက်သာလောနိတ်ရှိ ယုံကြည်သူများထံ စာရေးသောအခါ အချင်းချင်းကို မြင့်တင်ပေးသော၊ တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန်ခိုမှီနေရသော ဆက်ဆံရေး လိုအပ် ကြောင်း ရှင်ပေါလုနားလည်သည်။ ရှင်ပေါလုက “မတရားစွာပြုသောသူတို့ကို သတိပေး…

သင်ဖြစ်နေခြင်းအတွက်

ကင်ဆာဌာန၌ ကျွန်မ၏အမေကို ပြုစုစောင့်ရှောက်ခဲ့စဉ်က စင်္ကြံတောင်ဘက်အခြမ်းမှ လိုရီနှင့် သိကျွမ်းခဲ့ရသည်။ လိုရီသည် သူမ၏ခင်ပွန်း ဖရင့်ကို လာရောက်ပြုစုခြင်း ဖြစ်သည်။ ကျွန်မနှင့် လိုရီသည် စကားပြောကြ၊ ရီမောကြ၊ ငိုကြွေးကြ၊ ရင်ဖွင့်ကြရင်း အတူတူ ဆုတောင်းခဲ့ကြသည်။ မိမိချစ်ရသူများကို ပြုစုစောင့်ရှောက်ရင်း ကျွန်မတို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဖေးမခဲ့ကြသည်။

တစ်နေ့ ပစ္စည်းသွားဝယ်ရန် ဆိုင်သို့သွားရန်ရှိပြီး အခမဲ့ယာဉ် လွတ်သွားသဖြင့် လိုရီ က ညနေပိုင်း၌ သူ့ကားနှင့် လိုက်ပို့မည်ဟုပြောရာ ‘‘ငါကို ကူညီတဲ့သူက နင်ဖြစ်နေလို့ ကျေးဇူးတင်လိုက်တာဟယ်’’ ဟု သူ၏ ကမ်းလှမ်းချက်ကို မျက်ရည်ကျလျက် ကျွန်မ လက်ခံခဲ့သည်။ ‘‘နင်ဖြစ်နေခြင်းအတွက် ကျေးဇူးတင်ပါတယ်’’ ဟု ပြောခဲ့ သည်။ လိုရီဖြစ်နေခြင်းအတွက် ကျွန်မ ကျေးဇူးတင်မိသည်။ ကျွန်မအပေါ် သူငယ်ချင်းတစ်ယောက်အနေဖြင့် ကားမောင်းပို့ခြင်းကြောင့် မဟုတ်ပါ။

ဘုရားသခင် ပြုသောအမှု တစ်ခုစီတိုင်းကြောင့်သာမက၊ ကိုယ်တော်၏…

ကျွန်ုပ်တို့လုပ်နိုင်သောအရာ

အသက် ၉၂ နှစ်အရွယ် ဘိုးဘိုးကြီး မော်ရီဘူဂအာ့သည် အိပ်ယာ၌သာ ရှိနေရသော်လည်း မီချီဂန်ပြည်နယ်မှ အိမ်ယာမဲ့များအတွက် သိုးမွေးဦးထုပ်ထိုးပေးသည်။ ၁၅ နှစ်တာ အချိန်ကာလအတွင်း သူထိုးခဲ့သည့် ဦးထုပ်အလုံးပေါင်း ၈၀၀၀ ကျော်မျှရှိသည်။ သူ၏ ကျန်းမာရေးနှင့် ခန္ဓာအားနည်းချက်များအပေါ် အာရုံစိုက်ခြင်းထက် ဘိုးဘိုးကြီးသည် သူ၏ဖြစ်တည်မှုထက်ကျော်၍ ဘဝကိုရှုမြင်ပြီး မိမိ အရေးထက် အခြားသူ၏လိုအပ်မှုအရေးကို ရှေ့တန်းတင် ဦးစားပေးခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူနေထိုင် ကောင်းသကဲ့သို့ ခံစားရပြီး၊ ၎င်းက ဘဝရှင်သန်ရသည့် ရည်ရွယ်ချက်ကို ပေးသည်။ ‘‘သခင်ဘုရားနှင့်အတူ ပြန်တွေ့ချိန်အထိ ဒီအလုပ်ကို ဆက်လုပ်နေဦးမှာ’’ ဟု သူက ပြောသည်။ သို့နှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် သူဘုန်းတော် ဝင်စားခဲ့သည်။ သူထိုးပေးသည့် ဦးထုပ်ကို လက်ခံရရှိသူအများစုက သူ့အကြောင်းကို မသိ၊ ဦးထုပ်ထိုးရန် သူမည်မျှ အားထုတ် ကြိုးစားရကြောင်း…